Breaking News
Loading...
Monday, September 16, 2013

Info Post


ရီးရဲလ်မှာ တောင်ပံကစားသမားရော်နယ်ဒိုကို(၃)နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်နိုင်ကြောင်း သိရသည်။ ရော်နယ်ဒိုမှာ ပြီးခဲ့သည့် (၃)ရာသီအတွင်း ရီးရဲလ်အတွက် တစ်ရာသီ ဂိုး(၅၀)ကျော် သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး ဗီလာရီးရဲလ်နှင့် နှစ်ဂိုးစီ သရေကျခဲ့သော ပွဲတွင်လည်း တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကာ အဆိုပါ ပွဲစဉ်အပြီး အသင်းနှင့်အတူ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ရော်နယ်ဒိုနှင့် ရီးရဲလ်တို့ ချုပ်ဆိုထားသော စာချုပ်ဟောင်းအရ ၎င်းအနေဖြင့် ၂၀၁၅ခုနှစ်ထိသာ ဆက်ရှိနိုင်မည် ဖြစ်သော်လည်း ယခုချုပ်ဆိုခဲ့သည့် စာချုပ်သစ်အရ ၂၀၁၈ခုနှစ် ဇွန်လအထိ ရီးရဲလ်တွင် ဆက်ကစားနိုင်မည်ဖြစ်သည်။

ရော်နယ်ဒိုက“မန်ယူမှာ ကျွန်တော် ခြောက်နှစ်ကစားခဲ့တာကို လူတိုင်းသိပါတယ်။ ဒါပေမဲ့ မန်ချက်စတာဟာ အတိတ်ထဲမှာ ကျန်ရစ်ခဲ့ပါပြီ။ ကျွန်တော့်ရဲ့ လက်ရှိကလပ်က ရီးရဲလ်ဖြစ်သလို ဒီအသင်းမှာ ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကို ကျွန်တော် တန်ဖိုးထားပါတယ်”ဟု ပြောခဲ့သည်။ ပြီးခဲ့သည့် အပြောင်းအရွှေ့ ကာလတွင် ရော်နယ်ဒိုအနေဖြင့် မန်ယူသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိသည်
ဆိုသော သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းမှာ ရီးရဲလ်တွင် ကစားသမားဘ၀ အဆုံးသတ်ရန် မျှော်မှန်းနေပြီး ယခုချုပ်ဆိုခဲ့သည့် စာချုပ်သစ်အရ ရော်နယ်ဒိုအနေဖြင့် တစ်နှစ်လျှင် အခွန်ဆောင်ပြီးသား လုပ်ခ ပေါင် ၁၅သန်း ရရှိမည်ဖြစ်ကာ လာလီဂါတွင် လစာအများဆုံး ကစားသမားဖြစ်လာခဲ့သည်။

ဇော်ထွန်း(ရိုးရာလေး)