ဧည့်ခန်းထဲမှာ... ...
မိန်းမဖြစ်သူက သတင်းစာဖတ်နေတယ်
ယောက်ျားဖြစ်သူက မဂ္ဂဇင်းဖတ်နေတယ်
မိန်းမက ရုတ်တရက်ထ,ရီပြီး သူ့ယောက်ျားကို လှမ်းပြောတယ်... ...
"ကိုရေ... ဒီကြော်ငြာထည့်တဲ့လူ ရူးများနေလားမသိဘူး၊ ဘာတဲ့ သူ့မိန်းမနဲ့ ဘောလုံးပွဲ တစ်ရာသီစာလက်မှတ်နဲ့ လဲမယ်တဲ့ တော်တော်ရီရတဲ့ လူနော်"
ယောက်ျားက "အင်း..." ဆိုပြီး သူ့စာသူ ဆက်ဖတ်နေတယ်
မိန်းမက သူ့ယောက်ျားကို လှမ်းပြီး ကျီစားတယ်... ...
"ရှင်ရော... ကျမကို အဲ့လိုလဲမှာလားဟင်"
"လုံးဝ မလဲဘူး"
"ဟေး... ဒါမှငါ့ယောက်ျား"
"ဟင်း... ဟင်း..."
"ဒါနဲ့နေပါအုံး ဘာလို့ မလဲတာလဲ ဟင်"
"ဒီရာသီရဲ့ ပွဲစဉ်တွေက ပြီးတော့မှာကွ"
သန်၎ကို-ဘာသာပြန်သည်