ကြည်ညိုရာမှာ အများသံဃာ
ကိုးကွယ်ရာမှာ ရွေးချယ်ပါ
ဗုဒ္ဓဘာသာ ပီပီ သံဃာ မှန်ရင်ကြည်ညိုလိုက်ပါ
ကိုးကွယ်တဲ့နေရာမှာတော့ ဆရာကောင်းကို ရွေးချယ်ပါ ..
ဆရာကောင်း ဂုဏ်အင်္ဂါခုနှစ်ဖြာ
၁။ ရိုသေထုက်သောဂုဏ်ရှိခြင်း။
၂။ ချစ်ခင်ထိုက်သောဂုဏ်ရှိခြင်း။
၃။ ချီးမွမ်းထိုက်သောဂုဏ်ရှိခြင်း။
(ရိုသေထိုက်၊ ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်သော ဂုဏ်ဟူသည် သင်္ဂဟတရား(၄)ပါးနှင့် ပြည့်စုံ ခြင်းကို ဆိုလို၏။
သင်္ဂဟတရား (၄)ပါးဟူသည်
၁။ ဒါန= ပေးကမ်းစွန့်ကြဲခြင်း။ ၂။ ပေယျဝဇ္ဖ = ချစ်ဖွယ်သော စကားရှိခြင်း။ ၃။ အတ္ထစရိယ = တပည့် အကျိုးရှိရာကိုကျင့်ခြင်း။ ၄။ သမာနတ္ထတာ = တန်းတူရေတူ ဆက်ဆံခြင်းတို့ဖြစ်၏။)
၎။ တပည့်ဖြစ်သူ လမ်းလွဲနေလျှင် ဆုံးမခြင်း။
၅။ တပည့်မေးသမျှကို ဖြေဆိုနိုင်ခြင်း။
၆။ နက်နဲသောတရားကို ဟောကြားနိုင်ခြင်း။
၇။ အကျိုးများသောနေရာကို ညွှန်ပြနိုင်ခြင်း။ ဤကားဆရာကောင်း၏ အင်္ဂါ(၇)ချက်ပင်ဖြစ်သည်။
ထိုအင်္ဂါ (၇)ချက်ကို လွယ်ကူစွာ မှတ်မိ စေရန် မန်လည်ဆရာတော်က ယခုလို လင်္ကာစီပြခဲ့၏။
(ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊
လွဲမိုက်ဆုံး၊ မေးသမျှခံ။
ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍၊
ကျိုးနည်းမတန်း၊ ခုနှစ်ခန်းနှင့်၊
့ပြည့်လျှမ်းညီညာ၊ ဤဆရာ၊
ဖွေရှာ တပည့်ခံ။)
မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် ၏ ဆရာကောင်းကို ရှာဖွေခြင်းတရားတော်မှ ထုတ်နှုတ်သည် ..
ဗုဒ္ဓ အရိပ်