Breaking News
Loading...
Thursday, October 10, 2013

Info Post


Miss Universe ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် မိုးစက်ဝိုင်သည် မြန်မာနိုင်ငံသားစစ်စစ်မဟုတ်ဟူသော ဝေဖန်ချက်ဖြင့်ယနေ့ညနေ ၅နာရီ၊ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ကြမည်ဆိုသည့် သတင်းနဲ့ပတ်သက်ပြီး Miss Universe Myanmar Organizationမှတာဝန်ရှိသူတစ်ဦးက ပြန်လည်ရှင်းလင်းခဲ့သည်မှာ ´´ ဖေ့စ်ဘွတ်ခ် ဆိုတာက လူပေါင်းစုံသုံးနေကြတော့ စိတ်ဓာတ်ပေါင်းစုံတွေ့ရပါတယ်။လူတိုင်းမှာ ကိုယ့်ကို လိုလားတဲ့သူရှိသလို မလိုလားတဲ့သူရှိတတ်ကြတယ်။မိုးစက်ကိုလည်းလိုသူရှိသလို မလိုလားသူရှိမှာပါပဲ။သူသွားရမယ့် စင်မြင့်ကလည်းကမ္ဘာပေါ်မှာ အကြီးဆုံးစင်မြင့်ဖြစ်နေတယ်။ကျွန်တော်တို့ ကတော့ အခုဖြစ်နေတဲ့ပြသနာတွေနဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူး။ကိုယ့်အလုပ်ပဲ ဆက်လုပ်သွားမှာပါ။ဒီကိစ္စအတွက် စာနယ်ဇင်းရှင်းလင်းပွဲလည်း လုပ်မှာမဟုတ်ပါဘူး တစ်ဖက်ကပြော ဆိုရေးသားနေသူတွေအပေါ်သူတို့ဂုဏ်ကိုလည်းထောက်ထားပြီးတော့ ကျွန်တော်တို့ page မှာပဲ သတင်း ထုတ်ပြန်ချက်တစ်ခုရေးသားထားပါတယ်။ကျွန်တော်တို့လုပ်တဲ့ပွဲဟာမိဘပြည်သူရှေ့မှာခမ်းခမ်း နားနား လုပ်ခဲ့တာပါ။အခုဆိုရင် မိုးစက်ဝိုင်အနေနဲ့လည်းစိတ်ထိခိုက်နေသလို သူ့မိဘတွေ ကလည်းစိတ်မကောင်းကြဘူး။သူ့ကို မက်ဆေ့ခ်ျပို့ပြီးအားပေးကြသူတွေလည်းမနည်းပါဘူး။ကျွန်တော်တို့HELLO MADAM ရုံးကိုဖုန်းဆက်ပြီးတော့လည်း မိုးစက်ကိုအားပေးနေပါတယ်လို့ တဆင့်ပြောပြခိုင်းတဲ့သူတွေလည်းအများကြီးပါပဲ။ကျွန်တော်တို့ကတော့ ရည်မှန်းချက် ပန်းတိုင်ကို အရောက်သွားမှာပါ..´´ ဟုဖြေကြားခဲ့သည်။

Sunday Journal