Breaking News
Loading...
Wednesday, October 9, 2013

Info Post

ရွှေဘိုမြို့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြိုပျက်သွားသော စာသင်ကျောင်း တစ်ကျောင်းအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုနယ်တွင် တစ်နှစ်ဝန်းကျင်အတွင်း ငလျင်အကြိမ်ရေ ၁၂၀ ကျော် လှုပ်ခတ်ခဲ့သော်လည်း ငလျင်အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်မှု မရှိသေးကြောင်း သိရသည်။

"ငလျင်တိုင်းတာစက်က ဖော်ပြတဲ့ အကြိမ်အရေအတွက်ကတော့ ၁၂၀ ကျော်လောက် ရှိမယ်။ ငလျင်အသိပညာပေး အနေနဲ့ကတော့ ဌာနမှာ စီမံချက် မရှိသေးဘူး" ဟု ရွှေဘိုမိုးလေ၀သ ရုံးတာဝန်ခံက ဆိုသည်။
လက်ရှိတွင် ရွှေဘိုနှင့် စဥ့်ကူးနယ်များ၌ ငလျင်တိုင်းတာစက်များ တပ်ဆင်ထားပြီး လေ့လာမှုများ ပြုလုပ်နေဆဲပင်ဖြစ်ကြောင်း သိရသည်။ 

"နောက်ပိုင်းဆက်တိုက် လှုပ်နေတဲ့ ငလျင်တွေကြောင့် ပြီးခဲ့တဲ့နှစ် ငလျင်ကြီးတုန်းက အက်သွားတဲ့ နံရံတွေ၊ တံတိုင်းတွေ ပြိုတာမျိုးတော့ ရှိတယ်။ အဓိက စိုးရိမ်ရတာက စာသင်ကျောင်းတွေ။ ကလေးတွေ စာသင်နေတုန်းဖြစ်မှာ အစိုးရိမ်ရဆုံးပဲ" ဟု ရွှေဘိုမြို့၊ ကျောက်မြောင်းမြို့နယ်ခွဲ ဒေသခံ တစ်ဦးက ပြောကြားသည်။

ပုံမှန်အားဖြင့် ငလျင်ကြီးပြီး နောက်ဆက်လက်ဖြစ်ပေါ်သော နောက်ဆက်တွဲ ငလျင်မှာ နာရီပိုင်းမှ လပိုင်းအထိသာ ဖြစ်ပွားနိုင်ကြောင်း ငလျင်အသိပညာပေး စာအုပ်များတွင် ဖော်ပြထားပြီး ရွှေဘိုနယ်တစ်ဝိုက်တွင် တစ်နှစ်နီးပါး ကြာမြင့်သည်အထိ ငလျင်ဆက်လက် လှုပ်ခတ်နေခြင်း ဖြစ်သည်။

ငလျင်လှုပ်ခတ်မှုများကြောင့် ယမန်နှစ်က ပြိုကျခဲ့သော စေတီပုထိုး အများစုမှာလည်း ပြန်လည်တည်ထားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ 

Eleven