Breaking News
Loading...
Saturday, October 12, 2013

Info Post


မာလကာရွက်ဟာ စားသုံးပြီး ရှစ်ပတ်အတွင်း ကိုလက်စထရောအဆင့်နဲ့ ထရိုင်ဂလစ် စရိုက်အဆင့်ကို ကျဆင်းစေတယ်လို့ အာဟာရနဲ့ ဇီဝရုပ်
ဖြစ်ပျက်မှုဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီအကျိုးကျေးဇူးကို မာလကာသီးမှ မရရှိနိုင်ဘူးလို့ ဆိုပါတယ်။

မာလကာရွက်ဟာ အသည်းအတွင်း အဆီစုဆောင်းမှုကို ကာကွယ်နိုင်တဲ့ အတွက် လေဖြတ်တာ၊ သွေးတိုးတာ၊ metabolic လက္ခဏာ စုဖြစ်တာနဲ့ အသည်းအဆီဖုံးတာ မဖြစ်အောင် တားမြစ် နိုင်ပါတယ်။

ဒါ့အပြင် မာလကာရွက်မှာ ပိုးမွှားတွေကို သေစေနိုင်တဲ့ ဒြပ်ပေါင်း တွေ ပါဝင်တာမို့ ဆာမိုနဲလား၊ အီကိုလိုင်နဲ့ Staph အပါအဝင် ဘက်တီးရီးယား အမျိုးအစား အများအပြား ပေါက်ဖွားမှုကို တားမြစ်နိုင်တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး
 Good Health