Breaking News
Loading...
Saturday, October 12, 2013

Info Post

ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက မက်ဆီ၊ ရော်နယ်ဒိုတို့ကို မိမိတို့နိုင်ငံအသင်း၏ မွေးစားကစားသမားများအဖြစ် မြင်လိုကြောင်း ရီယိုဒီဂျနေရိုးတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဖလားအကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘရာဇီးသား ဒီယေဂိုကော်စတာက နိုင်ငံသားခံယူထားသည့် စပိန်အသင်းအတွက် ကိုယ်စားပြုမည်ဟု အတည်ပြုခဲ့ပြီး ရော်နယ်ဒိုက ယခုကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

“မက်ဆီ၊ ရော်နယ်ဒိုတို့ကိုသာ သူတို့နိုင်ငံတွေကို ငြင်းပယ်ပြီး ဘရာဇီးအတွက် ကစားပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ မွေးဖွားရာနိုင်ငံက ကစားခွင့်မပြုဘဲ နိုင်ငံသားဖြစ်နေတဲ့နိုင်ငံအတွက် ကစားပေးတာကလည်း အထွေအထူး ကိစ္စတော့ မဟုတ်ပါဘူး” ဟု ရော်နယ်ဒိုက ပြောခဲ့သည်။ ထို့အပြင် ရော်နယ်ဒိုက စပိန်အသင်းအတွက် ကိုယ်စားပြုမည်ဟု ဖွင့်ဟခဲ့သော ကော်စတာ၏ ဆုံးဖြတ်ချက်ကို သဘောတူကြောင်းလည်း ထုတ်ဖော်သွားခဲ့သည်။

ဇော်ထွန်း(ရိုးရာလေး)