Breaking News
Loading...
Thursday, October 10, 2013

Info Post

ဒေါသကြီးတဲသူ ၊ဒေါသကို ကိုယ်အမူအရာ၊နှုတ်အမူအရာနဲ့
ထင်ရှားပြတတ်တဲ့သူကို ဘယ်သူကမှ တရင်းနှီး မပတ်သက်ချင်ကြပါဘူး ။
မလွဲသာလို့ ပတ်သက်ရတောင်မှ အလုပ်သဘောအရ
အပေါ်ယံပဲ ဖြစ်ပါလိမ့်မယ် ။...
အတွင်းကမေတ္တာစိတ်အပြည့်အဝ ပါလာမှာ မဟုတ်ပါဘူး ။
ကိုယ့်အပေါ်ထားရှိတဲ့ ပတ်ဝန်ကျင်ရဲ့ မေတ္တာတရားကို
ဆုံးရှုံးစေတာ ဒေါသပါ ။
ကိုယ့်ကို ကူညီစောင့်ရှောက်နေသူတွေရဲ့ ကမ်းလက်ကို
ပုတ်ချလိုက်တာ ဒေါသပါ ။
ကိုယ့်ကို သူတော်ကောင်းတစ်ယောက်အဖြစ် သတ်မှတ်
ထားသူတွေရဲ့ ယုံကြည်မူကို ဖျက်ဆီးပစ်တာ ဒေါသပါ ။
ပတ်ဝန်းကျင်က ရရှိမယ့် ကောင်းကျိုးတွေ ဆုံးရူံးတာထက်
ကိုယ့်စိတ်ရဲ့ အေးချမ်းမူ ဆုံးရှုံးတာက ပိုပြီးနစ်နာပါတယ် ။
ဒေါသဖြစ်နေဆဲ လူတစ်ယောက်ရဲ့ စိတ်ဟာအလွန်ပူလောင်ပါတယ် ။
အလွန်တင်းကျပ်ပါတယ် ။အလွန်တရာပင်ပန်းဆင်းရဲလွန်းလှပါတယ် ။
(ဆရာတော်အရှင်ဆန္ဒဓိက)
မြတ်ဗုဒ္ဓအလင်း