Breaking News
Loading...
Friday, October 11, 2013

Info Post

မော်စကိုသွားပြီး မယ်စကြဝဠာပြိုင်ပွဲဝင်မယ့် မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး "အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင်" အင်တာနက်မှာ ရေးသားပြောဆိုတာတွေ ရပ်ပေးဖို့ မြန်မာပြည်မယ်စကြဝဠာအသင်းက မေတ္တာရပ်ခံလိုက်ပါတယ်။

MISS UNIVERSE MYANMAR 2013 မိုးစက်ဝိုင် အား Online နှင့် Facebook စာမျက်နှာများပေါ်တွင် လူနည်းတစ်စုမှ ဂုဏ်သိက္ခာညှိုနွမ်းအောင် အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင် သတင်းအချက်အလက်ထုတ်လွှင့်ခြင်းမျိုးမဟုတ်ပဲ အတင်းဖြန့်ဝေနေခြင်းများအားမိမိတို့၏ အမည်၊ မိမိတို့၏ဂုဏ်သိက္ခာစောင့်ထိန်းရေးသားပြောဆိုကြပါရန် MISS UNIVERSE MYANMAR ORGANIZATION အနေဖြင့် ရပ်တန့်ပေးပါရန်တိုက်တွန်းပြောဆိုလိုက်သည်။

ထိုကဲ့သို့ ရေးသားသူလူနည်းစု အနေဖြင့် မည်ကဲ့သို့ရည်ရွယ်ချက်မျိုးဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်ကို MISS UNIVERSE MYANMAR ORGANIZATION နှင့် မိုးစက်ဝိုင် ကို အားပေးကြသော မိဘပြည်သူများကသိရှိသော်လည်း ယင်းတို့၏ဂုဏ်သိက္ခာအားငဲ့ညှာထောက်ထားသောအားဖြင့် ယခုကဲ့သို့တိုက်တွန်းရေးသားလိုက်ရခြင်းဖြစ်ပါသည်။

ဧရာဝတီ