Breaking News
Loading...
Friday, October 11, 2013

Info Post

ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း NARI(24W)သည် ယခု ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း PHAILIN(02B) နှင့်တစ်ချိန်တည်းအပြိုင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းအား အောက်တိုဘာလ ၁၁ ရက် ညပိုင်း(မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီနောက်ပိုင်း)တွင် ဝင်ရောက်တိုက်ခတ်မည် ဖြစ်ပါသည်။

အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းတွင် NARI(24W)သည် တောင်တရုတ်ပင်လယ်သို့ ရောက်ရှိပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အောက်တိုဘာလ ၁၅ ရက် ညပိုင်းတွင် ဗီယက်နန်ကမ်းခြေအား ဒါနန်းမြို့မြောက်ဘက်မှဖြတ်၍ ကုန်းတွင်းသို့ ဒုတိယအကြိမ်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

အောက်တိုဘာလ ၁၂ ရက် ညပိုင်း ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယကမ်းခြေအား ဖြတ်ကျော်တိုက်ခတ်ပြီး နောက်(၃)ရက် အကြာတွင် တောင်တရုတ်ပင်လယ်မှ ဗီယက်နန်ကမ်းခြေကို "လတ္တီတွဒ် ၂ဝ ဒီဂရီအောက်ပိုင်းမှ" ဖြတ်ကျော်ဝင်ရောက်လာသည့် တိုင်ဖွန်း NARI ၏ အကြွင်းအကျန်များက လာအိုနိုင်ငံတောင်ပိုင်း၊ ထိုင်းနိုင်ငံတို့မှတစ်ဆင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများအထိ ရောက်လာနိုင်ဦးမည်လားဆိုသည်ကိုသတိဖြင့် ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။
MMweather Page