Breaking News
Loading...
Thursday, October 10, 2013

Info Post


ဒါကတော့အားလူးတွေမှာရံဖန်ရံခါတွေ့ ရတတ်တဲ့ အစိမ်းရောင်သန်းနေတဲ့ အပိုင်းတွေကို ဆိုလိုတာပဲဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့ဒီအစိမ်းရောင်ဖြစ်နေရတာလဲဆိုတာကတော့နေမှရတဲ့ အစိမ်းရောင်ဓါတ်ပေးတဲ့ကလိုရိုဖီးလ်ကြောင့်ပဲဖြစ်ပါတယ်။ကိုလိုရိုဖီးလ်ကတော့ လူတွေကို ဒုက္ခ မပေးပေမယ့်ကိုလိုရိုဖီးလ်ကြောင့်စိမ်းနေတဲ့အပိုင်းမှာပါတဲ့ Solanineကတော့လူတွေကိုဘေးဖြစ်စေပါတယ်။

ဒါကြောင့်ဒီစိမ်းနေတဲ့နေရာတွေမှာ ကျွန်ုပ်တို့ ကျန်းမာရေးကိုဒုက္ခပေးမယ့် Solanine ပါဝင်တာကြောင့် အကယ်၍သာအာလူးတွေမှာအစိမ်းရောင် အပိုင်းလေးတွေ ပါရင်ဖြတ်ထုတ်လိုက်သင့်ပါတယ်။ဒီSolanine ပါဝင်တဲ့အာလူးစိမ်းကိုမဖြတ်ထုတ်ပဲစားမိမယ်ဆိုရင်တော့ကိုယ်လက်မအီမသာဖြစ်ပြီးပျို့ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ၀မ်းလျောခြင်းစတဲ့လက္ခဏာတွေ အပြင် အစာချေစနစ်ကိုထိခိုင်စေနိုင်မှာဖြစ်ပါတယ်။

Nebraska-Lincon တက္ကသိုလ်မှပညာရှင် Alexander Pavlista ရဲ့ပြောကြားချက်အရ ပေါင် 100 အလေးချိန်ရှိလူတစ်ဦးသာ 16အောင်စ အလေးချိန်ရှိ အာလူးစိမ်းတွေကိုစားလိုက်မယ်ဆိုရင် 
ချက်ချင်းလဲကျပြီး ဖျားနာစေနိုင်ပါတယ်လို့ ပြောကြားထားပါတယ်။

ဒါ့ကြောင့်ဒီအာလူးစိမ်းတွေကို Super Market တွေ၊ဈေးတွေကိုပို့ မယ်ဆိုရင် အေးပြီးမှောင်သော အခန်းတွင်းမှာသိုလှောင်စေပြီး ဒီအာလူးစိမ်းတွေမှာပါတဲ့Solanineတွကိုဖယ်ရှားပစ်နိုင်ပါတယ်။ ဒါ့မှမဟုတ် အိမ်မှာစားဖို့ ချက်ပြုတ်တော့မှတွေ့ တယ်ဆိုရင်တော့ စိမ်းနေတဲ့နေရာလေးကို လှီးထုတ်ပြီး မိမိလိုသလိုအန္တရာယ်ကင်းကင်းစားသုံးနိုင်ပါတယ်။

ZK(ကနောင်)
Scientist Myanmar