မိုက်သောသူသည် မိမိ၏ မိုက်မဲခြင်းကို သိအပ်ရာ၏။
ကိုယ်ကျင့်သီလမရှိသူသည် ကိုယ်ကျင့်သီလမရှိသည်ကို သိအပ်ရာ၏။
တရားမရသေးသောသူသည် တရားမရခြင်းကို သိအပ်ရာ၏။
ထိုသူသည် လိမ္မာ၍ ပညာရှိသောသူ၊ ကိုယ်ကျင့်သီလရှိသူ၊ တရားရသောသူ ဖြစ်နိုင်၏။
မိုက်မဲသောသူ၊ ကိုယ်ကျင့်သီလမရှိသူ၊ တရားမရသေးသောသူ ဖြစ်ပါလျက်
လိမ္မာ၍ပညာရှိသောသူ၊ ကိုယ်ကျင့်သီလရှိသူ၊ တရားရပြီးသောသူဟု
အထင်ရောက်နေပါက ပညာရှိသောသူ၊ ကိုယ်ကျင့်သီလရှိသူ၊ တရားရသောသူ မဖြစ်နိုင်တော့ချေ။ ထိုသူမျိုးကို လူမိုက်အစစ်ဟု ဆိုအပ်၏။
(ဓမ္မပဒ-၆၃)
မြင့်မြတ်အလင်း