Breaking News
Loading...
Thursday, June 21, 2012

Info Post
တစ်ဘဝလုံးအတွက်ပါ
တစ်ခဏတာ ရင်ခုန်မှုမျိုးနဲ့
ပန်းတစ်ပွင့်ကို နမ်းရှိုက်ဖို့မကြိုးစားပါဘူး
ရည်ရွယ်ထားပါတယ် ချစ်ရသူအတွက်
နေဒဏ်မိုးဒဏ် ကာကွယ်ဖို့
ထီးတစ်ချောင်းအဖြစ်နဲ့ပါ...
ကြော်ငြာထားလိုက်မယ်
နောက်တစ်ယောက်အတွက်
နှလုံးသားမရှိတော့ဘူးဆိုတာ...
ဝေဿနာမပေးပါနဲ့
သေရာပါမယ့် ဒဏ်ရာမို့ပါ...
ဖယ်ခွာပြေးမယ်ဆိုလည်း
ခြေရာအဖြစ်နဲ့ အနမ်းတစ်ပွင့် ပစ်ချပေးခဲ့ပါ...
သတိရတမ်းတတိုင်း ထုတ်ထုတ်ကြည့်ချင်လို့