Breaking News
Loading...
Thursday, June 21, 2012

Info Post

မတိုက်ဆိုင်ဘဲနဲ့လဲ အမှတ်တရဖြစ်နေတာက
သတိရခြင်းရဲ့ သင်္ကေတလား
မျှော်လင့်မထားဘဲနဲ့လဲ ဝေးကွာနေတာတွေက
အလွမ်းရဲ့ သင်္ကေတလား
နွယ်ပင်မဟုတ်ဘဲနဲ့လဲ ရစ်ပတ်ထားတာတွေက
သံယောဇဉ်ရဲ့ သင်္ကေတလား
သင်္ကေတတွေကို သီချင်းတစ်ပုဒ်ဆိုမပြနိုင်ဘူး
သင်္ကေတတွေကို ကဗျာတစ်ပုဒ်မဖန်တီးတတ်ဘူး
ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ကို
သင်္ကေတတွေနဲ့ပဲ လျှောက်လှမ်းသွားချင်တယ်